စဉ့်ကိုင် ဇူလိုင် ၁၂
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်နေ့၊ ဓမ္မစကြာ အခါတော်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာ အုပ်စုအတွင်းရှိ ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရား၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
ရတနာလာမုနိဆုတောင်းပြည့် မြွေဘုရားသည် မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားများထဲတွင် တစ်ဆူ အပါအဝင်ဖြစ်ရာ အလောင်းစည်သူမင်းကြီး လက်ထက် ကတည်းက တည်ထားကိုးကွယ်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ခေတ္တပိတ်ထားခဲ့သော်လည်း ယခုအချိန်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရတနာလာဘမုနိ ဆုတောင်းပြည့် မြွေဘုရားအပြင် ပေါ်တော်မူမြတ်စွာ ဘုရား၊ ကံကြီးမ ဘုရားများလည်း အဓိဌာန်အောင် ဆုတောင်းပြည့်ဘုရားများတွင်လည်း ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဘုရားဖူးပြည်သူများအား ကုသိုလ်ရှင်များကလည်း ထမင်း၊ ဟင်းများ ကြာဇံချက်များဖြင့် ကျွေးမွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းသန်း