မိုင်းယုမြို့၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မိုင်းယု ဇူလိုင် ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ တွင် မြို့လုံးကျွတ်စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို  ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်ရှိ ဓမ္မလင်္ကာရ ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်လိုက်ပြီး ထေရဝါဒဗုဒ္ဓသာ သနာပြု ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ (အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)နှင့် သံဃာတော်အရှင်သူမြတ်များထံမှ ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည် ကြသည်။

ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များထံ တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ အနယ်နယ်အရပ်ရပ်မှ အလှူရှင်ဒါယိကာ/ဒါယိကာမများက ဝါဆိုသင်္ကန်း များနှင့်  လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များထံမှ မေတ္တာသုတ် ပရိတ်တရားတော်များ နာယူကြကာ လှူဒါန်းမှု့အစုစုတို့အတွက် ရေစက်သွန်ချအမျှဝေကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော်များအား ''ဆွမ်း''ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်