“သက်ရှည်ကျန်းမာစေရန် ကျင့်ကြံရမည့် နည်းလမ်းကောင်းများ”

မိုးညှင်း ဇူလိုင်  ၁၂

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကြီးဟာ ကျန်းမာဖို့အတွက် အမတန်မှလိုအပ်ပါတယ်။ ကျန်းကျန်း မာမာရှိမှ အသက်ရှည်ခြင်းဆိုတဲ့ ကျွန်တော်တို့က ရလဒ်ကောင်းကို အထောက်အကူပြုမှာ လည်းဖြစ်ပါတယ်။ အခုကျွန်တော်တို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဆိုရိုးစကားလေးတွေရှိ ပါတယ်။ ကျန်းမာရေး မကောင်းမှ ဆေးကုသမှုခံယူနေတာထက် ကျန်းမာရေးမဖြစ်ခင်ထဲက ရောဂါတစ်ခုကို ကြိုတင်ကာကွယ်တာက ပိုပြီးတော့ထိရောက်မှုရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က ကုသတာထက် ကြိုတင်ကာကွယ်ခြင်းဟာ ပိုပြီးထိရောက်စေတယ်လို့ ပြောခြင် ပါတယ်။

အစားအသောက်စားတတ်ဖို့နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အစားအသောက်ကို စားသောက် တဲ့နေရာမှာ ကျွန်တော်တို့က လိုက်နာရမယ့် စည်းကမ်းချက်တွေ နည်းစနစ်တွေ စောင့်ထိန်း ရမယ့် စည်းကမ်းတွေ နည်းနာတွေ များစွာရှိပါတယ်။ ကျန်းမာရေးတစ်ခု ကောင်းတော့မယ် ဆိုရင် လူတစ်ဦးဟာ ကိုယ့်ရဲ့ဉာဏ်ပေါ့၊ အသက်ကို ဉာဏ်စောင့် ဉာဏ်ကိုမှ သတိနဲ့ကပ်ရမှာ ဖြစ်ပါတယ်။ ဒီအချက်နှစ်ချက်ကို ကျွန်တော်တို့က လက်မလွတ်ဘဲ အသုံးချတတ်မှသာလျှင် ကျန်းမာရေးကို အထောက်အကူပြုမှာဖြစ်ပါတယ်။ အခုကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အထောက်အကူပြုမယ့် အချက်တွေကတော့-

(၁) အစားအစာ စားတော့မယ်ဆိုလို့ရှိရင် မဆာဘဲနဲ့မည်သည့် အစားအစာကိုမှ မစားရပါဘူး။

(၂) မိမိခန္ဓာကိုယ်နဲ့ မတည့်တဲ့အစားအစာတွေကို မစားရပါဘူး။

(၃) အစားအသောက်ကို လွန်လွန်ကြူးကြူး မစားရပါဘူး။

ဒီအချက် (၃)ချက်လုံးကို တစ်ချက်ခြင်းဖြင့် ရှင်းပြရမယ်ဆိုရင်။

(၁) အစားအစာကို မဆာဘဲနဲ့ မစားရပါဘူး။

အထူးသဖြင့် ကျွန်တော်တို့က အစားအစာကို ဆာလောင်မှုရှိခြင်း၊ မရှိခြင်းဆိုတာက ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ အစာအာဟာရတွေကို ချက်ပေးတဲ့ အစာအိမ်ကနေပြီးတော့ သူ့ရဲ့လုပ်ငန်းကို အစာကြေချက်ခြင်းဆိုပြီးတော့ သူကတာဝန်ယူရပါတယ်။ အစာမကြေချက်တဲ့ အချိန်ကာလမှာ ဆာလောင်ခြင်းဆိုတဲ့ လက္ခဏာမပြပါဘူး ဘာဖြစ်လို့လဲဆိုတော့ သူ့အလုပ်သူ သူကလုပ်လို့ မပြီးတဲ့အတွက်ကြောင့် ဆာလောင်ခြင်းဆိုတဲ့ လက္ခဏာကို မပြပါဘူး။ အကယ်၍တာ သူက သူ့အစာအိမ်ထဲမှာရှိတဲ့ အစားအသောက် အာဟာရတွေကို စနစ်တကျချေဖြတ် ပြီးပြီ ဆိုလို့ရှိရင် သူက ဆာလောင်ခြင်းလက္ခဏာနဲ့ ခန္ဓာကိုယ်ကိုအချက်ပြပါလိမ့်မယ်။ ကိုယ်စားခြင်တာ စားလို့ ရပြီဆိုတာကို အချက်ပေးတာပေါ့။ သူမလိုအပ်တဲ့အချိန်မှာ စားလိုက်မယ်ဆိုလို့ရှိရင် အစာအိမ် က မနိုင်ဝန်ထမ်းရတဲ့တာဖြစ်ပါတယ်။ အရင်အလုပ်တစ်ခုကို လုပ်လို့မပြီးခင်မှာ သူ့ကို နောက်ထပ် အလုပ်တစ်ခုခိုင်းတဲ့အတွက်ကြောင့် သူ့မှာဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ မှားယွင်းမှု တွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့ ဒီခန္ဓာကိုယ်ကို အစာမကြေခြင်းဆိုတဲ့ လက္ခဏာတွေ၊ ပျို့အန်ခြင်းဆိုတဲ့ လက္ခဏာတွေ၊ ကိုယ်လက်လက္ခဏာ လေးလံထိုင်းမှိုင်းခြင်းနဲ့ မအီမသာ ဖြစ်ခြင်းတွေဆိုတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ဘာလို့တုံ့ပြန်လဲဆိုရင် သူဟာ မနိုင်တဲ့ဝန်ကို ထမ်းရတဲ့အနေအထားကို ခန္ဓာကိုယ်သိစေခြင်လို့ သူကတုံ့ပြန်ပေးတာ ဖြစ်ပါ တယ်။ ဒါကြောင့် အစာအိမ်ကို မနိုင်တဲ့ဝန်ကို မထမ်းခိုင်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မဆာဘဲမစားနဲ့ ဆိုတဲ့နေရာမှာ ကျွန်တော်ပြောခြင်တဲ့ အချက်လေးတွေရှိပါ တယ်။ ဒီဟာက တော့ အားနာစွာဆိုတာက (ဥပမာ- ကိုယ်ကနေ အစားအသောက်တစ်ခုကို ခန္ဓာကိုယ်ကနေ လိုအပ်လို့စားခဲ့ပြီးပြီ၊ စားခဲ့ပြီးပြီဆိုတဲ့ အခိုက်အတန့်မှာ ကိုယ့်ရဲ့အပေါင်းအသင်းဖြစ်စေ၊ မိတ်ဆွေဖြစ်စေ အစားအသောက်ကို ဧည့်ခံကျွေးဖို့ လာရောက်ခေါ်တဲ့အခါမှာ တစ်ချို့ကတော့ အမှန်တကယ် ကိုယ့်ရဲ့ခန္ဓာကိုယ် က ဆာလောင်မှုလည်းမရှိဘူး၊ စားလည်းစားခဲ့ပြီးပြီ၊ လိုလည်း မလိုအပ်ဘူးဆိုတဲ့ ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ရဲ့အပေါင်းအသင်း၊ ကိုယ့်ရဲ့မိတ်ဆွေမျက်နှာ ငယ်မှာစိုးတာရယ်၊ အားနာစရာတွေ ဖြစ်ကုန်မှာစိုးတဲ့အတွက် ကြောင့် မလိုအပ်ဘဲနဲ့ စားလိုက် ရတာမျိုးလည်းရှိပါတယ်။ မိတ်ဆွေစိတ်ချမ်းသာစေဖို့ အတွက် စားလိုက်ရတာ ဖြစ်ပါတယ်။ မိတ်ဆွေကတော့ စိတ်ချမ်းသာသွားပေမယ့် ကိုယ်ကတော့အစာအိမ်ကို ငဲ့ရာမကျပါဘူး။ မနိုင်တဲ့ဝန်ကို ထမ်းခိုင်းရတာ ဖြစ်ပါတယ်) ဒါကြောင့်မို့ အစာအိမ်ကို စောစောကပြောခဲ့ သလိုမျိုး မဆာသေးဘူး ဆိုတာက အစာအိမ်က အစာခြေဖျက်ခြင်းမပြီးသေးလို့ပါ ပြီးသွားလို့ရှိရင်တော့ ဆာလောင်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဆာလာလို့ရှိရင် လိုအပ်တဲ့ခန္ဓာကိုယ်အတွက် အာဟာရကို စားသောက်ရမှာဖြစ်ပါတယ်။ အဲ့ဒါ ကြောင့် မဆာဘဲနဲ့ အစာကိုမစားပါနဲ့လို့ ပြောပြ ခြင်းဖြစ်ပါတယ်။

(၂) မိမိရဲ့ခန္ဓာကိုယ်နဲ့ မတည့်တဲ့အစာကို မစားပါနဲ့

မတည့်တဲ့ အစာဆိုတာ ဘယ်လိုသိပါသလဲ? (ဥပမာ- လူတစ်ယောက်က အစားအစာကို ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ တည့်ခြင်း၊ မတည့်ခြင်းဆိုတာကို မသိတဲ့အခါမှာ စားတော့စားကြည့်ဘူးလိမ့်မယ်။ စားကြည့်ဘူးတဲ့အခါကြတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့တည့်ခြင်း မတည့်ခြင်းဆိုတာကို စောစောက ပြောခဲ့သလို ဉာဏ်နဲ့ သတိနဲ့ဆင်ခြင်လို့ရှိရင် ကိုယ်နဲ့မတည့်တဲ့ အစားအစာဆိုတာပေါ်လာမှာ ဖြစ်ပါတယ်။ (ဥပမာ-ထမင်းဝိုင်းတစ်ဝိုင်းမှာ ဟင်းအမယ်မယ် စုံစုံလင်လင်နဲ့ မိသားစုထမင်းဝိုင်း တစ်ဝိုင်းမှာ စားကြမယ်ဆိုပါစို့) ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ထမင်းမစားခင်မှာ အရင်ဆုံးပြန်သုံးသပ် ကြည့်ရမှာဖြစ်ပါတယ်။ ငါ့ရဲ့ခန္ဓာကိုယ်ကိုက ကိုက်ခဲခြင်းတွေရှိသလား၊ ခေါင်းမူးခြင်းတွေရှိ သလား၊ မအီမသာတွေဖြစ်သလား၊ ကိုယ်လက်ညောင်းညာခြင်းတွေ ရှိသလားစသဖြင့်ပေါ့ အဲ့ဒီ အချက်အလက် တွေနဲ့ ကျန်းမာရေးရှုထောင့်ကနေပြီးတော့ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ အစာအာဟာရကို မစားခင် ဘာပြောင်းလဲမှု တွေ ဘာထူးခြားမှုတွေရှိလဲဆိုတာ ပထမဆုံး သုံးသပ်ကြည့်ရ ပါမယ်။ သုံးသပ်ကြည့်ပြီးတော့ (ဥပမာ- စုံလင်တဲ့ထမင်းဝိုင်းမှာ ကိုယ်ကကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ မသိသေးလို့စား လိုက်ပြီ စားလိုက်တာကတော့ အကြောသက်စာ၊ သွေးတိုးစေတဲ့ အစာ အာဟာရ အတို့အမြုပ်တွေ၊ ငါးပိနဲ့ပတ်သက်တဲ့ အစာအဟာရတွေ၊ ငါးခြောက်နဲ့ပတ်သက်တဲ့ အစာအာဟာရတွေလည်းပါကောင်း ပါလိမ့်မယ်။ အဆီအဆိမ့်များတဲ့ ဝက်သားလို ဟင်းလျာမျိုးတွေ ပါကောင်းပါလိမ့်မယ် စသည်အားဖြင့် ခန္ဓာကိုယ်ကျန်းမားရေးအတွက် ဆိုးကျိုးဖြစ်စေတဲ့ အစာအာဟာရတွေပါမှာ ဖြစ်ပါတယ်။ ကိုယ်ကကျန်းမာရေးကောင်းနေတယ် ဆိုလို့ရှိရင် ဒီအစာအာဟာရတွေ ဟာ ရုတ်တရက်ဆိုးကျိုးမပေးပေမယ်လို့ ကျန်းမာရေးမကောင်း နေဘူးဆိုတဲ့ အခြေခံအချက်‌တွေရှိထားပြီ ဆိုလို့ရှိရင်တော့ ကျန်းမာရေး ဆိုးကျိုးဖြစ်ဖို့ရာ လွယ်လွယ်လေးနဲ့ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် လူတစ်ယောက် ဟာ သွေးတိုးရှိတယ် ဝက်သားဟင်းလည်းပါတယ်။ ဝက်သားဟင်းကို ကျွန်တော်ကမနေနိုင်လို့ စားမိလိုက်တယ် စားပြီးတဲ့ အခါကျမှ မနေနိုင်မထိုင်နိုင် ခေါင်းမူးတာမျိုးတွေ ကိုက်ခဲတာမျိုးတွေ လေးလံ ထိုင်းမှိုင်းတာမျိုးတွေ ဖြစ်လာတဲ့အခါဆို သူဟာသွေးတိုးရောဂါဖြစ်လာတဲ့ လက္ခဏာတွေပြလာလို့ စားပြီးတဲ့ခါကြမှ သွေးတိုးရောဂါဖြစ်လာတယ်ဆိုလို့ရှိရင် ကိုယ်ကစားပြီးတဲ့ အခါကြတော့ ဪ…ငါနဂိုတုန်းက သွေးမတိုးခဲ့ဘူး၊ ဒီဟာကိုစားလိုက်မှ ငါ့ရဲ့ခန္ဓာကိုယ်ဟာ သွေးတိုးသွား ပါလား။ ဒါဆိုလို့ရှိရင် ဝက်သားဟင်းဟာ ကိုယ်နဲ့မတည့်ဟင်းဆိုပြီးတော့ နောင်တစ်ချိန်မှာ မစားဖို့လိုအပ်တာ ဖြစ်ပါတယ်)။ မသိလို့တစ်ခါစားတာရပါတယ်။ ဒါကိုတော့ ကိုယ်က အသိဉာဏ်နဲ့ မှတ်ထားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီအစားအစာဆိုလို့ရှိရင် ကိုယ်နဲ့သင့် တယ် ကိုယ်နဲ့မသင့်ဘူးဆိုပြီးတော့ အစားအစာ စားသောက် ကြတဲ့အခါမှာ မိမိရဲ့ခန္ဓာကိုယ်နဲ့ တင့်တာကိုဘဲ ရွေးချယ်စားတတ်ဖို့ လိုအပ်ပါတယ်လို့ ပြောခြင်ပါတယ်။

(၃) ဘယ်အစားအစာကိုမှ လွန်လွန်ကြူးကြူးမစားရပါဘူး။

ဒီခေါင်းစဉ်ဟာဆိုလို့ရှိရင် တန်ဆေးလွန်ဘေးဖြစ်တဲ့အတွက်ကြောင့် အစာအာဟာရကို လွန်လွန် ကြူးကြူးမစား ဖို့ဟာ အမတန်မှအရေးကြီးပါတယ်။ အစားအသောက်စားလိုက်တဲ့နေရာမှာ ကျွန်တော်တို့က အစာအာဟာရကို စားပြီးတဲ့အခါ လူတိုင်းရေသောက်ကြ‌လေ့ရှိပါတယ်။ ရေမသောက်ဘဲ မနေနိုင်ကြပါဘူး။ ဒါကြောင့်မို့ ရေတစ်ခွက်စာသောက်ဖို့ နေရာလေးကျန်ထားပြီး စားဖို့တောင်းဆို ခြင်ပါတယ်။ မိမိက အစာကို မဝတဝ စားလိုက်တဲ့အနေအထားမျိုးမှာ လိုအပ်တဲ့ရေတစ်ခွက် အစာအိမ်ထဲကို ထည့်လိုက်လို့ရှိရင် အစာအိမ် အတွက် အံဝင်ခွင်ကျဖြစ် လာမှာပါလို့ ပြောပြခြင်ဖြစ်ပါတယ်။

ဒါကြောင့်မို့ စောစောက ကျွန်တော်ပြောခဲ့သလို သက်ရှည်ကျန်းမာဖို့အတွက်ဆိုရင် ဒီအချက် (၃)ချက်ကို လိုက်နာရပါမယ်။ ကျင့်ကြံရပါမယ်။ အားထုတ်ရပါမယ်။ ယခုကျွန်တော် ရေးသား ဖော်ပြလိုက်တဲ့ ဒီအချက် (၃)ချက်ကို လိုက်နာခြင်းအားဖြင့် ကျန်းမာခြင်း၊ အသက်ရှည်ခြင်းဆိုတဲ့ ရလဒ်ကောင်းများကို ရရှိနိုင်ကြပါစေ လိုကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဇွဲသူရအောင်(ပြန်/ဆက်)