ကဝမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကဝ စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကဝမြို့နယ် အတွင်းရှိ  ကျေးရွာများ၌   ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင်   ပေါက်ကုန်းကျေးရွာ၊ ပေါက်ကွဲကျေးရွာ၊ မိုးဂနိမ်းကျေးရွာ၊ ဖလေးကျေးရွာ၊ ဇွဲဘာကျေးရွာ တို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ပြည်သူများသိရှိစေရန်  ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များ ကို လိုက်နာဆောင်ရွက်ရန် လူစုလူဝေး ရှောင်ရှားရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း တပ်ဆင်သွား လာကြ ရန် စသည်တို့ကို အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန်(ပြန်/ဆက်)