သာယာဝတီမြို့နယ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းများအား ထောက်ပံ့ငွေများပေးအပ်

သာယာဝတီ      စက်တင်ဘာ 

ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီခရိုင်၊ သာယာဝတီအတွင်းရှိ  ကိုယ်အင်္ဂါမသန်စွမ်း ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း  အခမ်းအနားကို  ယမန်နေ့  နေ့လယ်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ   သာယာဝတီခရိုင်   လူမှုဝန်ထမ်းဦးစီးဌာနမှ    ဦးစီးအရာရှိ  ဒေါ်မြမြစိုးက   ကိုဗစ်-၁၉  အလွန် ထိလွယ်ခိုက်လွယ် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်အင်္ဂါမသန်စွမ်း ပြည်သူများအား စားနပ်ရိက္ခာ သက်သာဖူလုံစေရေးအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းက အဖွင့်အမှာ စကား ပြောကြားခဲ့သည်။

ထို့နောက်   သာယာဝတီမြို့နယ် အတွင်းရှိ   ကိုယ်အင်္ဂါ မသန်စွမ်း   ပြည်သူ တစ်ဦးလျှင်  ငွေ (၃၀,၀၀၀) ကျပ် နူန်းဖြင့် စုစုပေါင်း  ကိုယ်အင်္ဂါ  မသန်စွမ်းသူ (၁၀၈၆) ဦး အတွက်   စုစုပေါင်းငွေကျပ် (၃၂၅၈၀၀၀၀) ကျပ်အား   သာယာဝတီ ခရိုင် လူမှဝန်ထမ်းဦးစီးဌာနမှ    ဦးစီးအရာရှိ   ဒေါ်မြမြစိုက  ပေးအပ်ရာ    မသန်စွမ်းသူများ ကိုယ်စား   မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းထွန်းမှ  လက်ခံရယူခဲ့ပြီး  ကျေးဇူးတင်စကား  ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)