မင်းတုန်း ဇူလိုင် ၅
မကွေးတိုက်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင် လူဦးရေ တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့မှစတင်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်၊ ကျေးရွာ စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဌာနာဆိုင်ရာ အကြီးကဲများ ပါဝင်သော အဖွဲ့(၉)ဖွဲ့ဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)