ပေါင်းတည် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်း နှင့် အဖွဲ့ဝင်များသည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ယနေ့နံနက်၁၀နာရီက မြို့နယ် အားကစားခန်းမတွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး Facility Quarantine Centre သို့သွားရောက်၍ စောင့်ကြည့်ခံရသူများကို အားပေးစကားများ ပြောကြား ကာ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းဖြစ်သည့် Mask ၁၅၀ခု Face shield ၁၅ခု ရန်ကုန်-ပြည်လမ်းမရှိ ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေးမှု ဂိတ်သို့ Mask ၁၅၀ခု၊ Face shield ၁၅ခု၊ မြို့နယ်အတွင်းရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲများအတွက် Face shield ၅၀နှင့် သဒ္ဓမ္မဇောတိကာရုံ စာသင်တိုက်သို့ Mask၂၅၀ခု၊ Face shield (၅) ခုတို့အား အသီးသီး သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းသည့် ပစ္စည်းများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်သူရှိသူများ မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ စစ်ဆေးဂိတ် တာဝန်ကျ ဝန်ထမ်းများနှင့် စာသင်တိုက်၏ အကျိုးတော်ဆောင်များက အသီးသီးလက်ခံရယူခဲ့ကြောင်းသိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)