နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး အတွက် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

နတ်မောက်    စက်တင်ဘာ  

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက နတ်မောက်မြို့တြိဂံလမ်းဆုံနှင့် မြို့မဈေး လမ်းဆုံများ၌ နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား စစ်ဆေး၍ ပညာပေးခြင်းလုပ်ငန်း များဆောင်ရွက်ကာ ခုဝယ် ခုတပ်စနစ်ဖြင့်  (Mask)တပ်ဆင်စေခြင်းများ ဆောင်ရွက်ခဲ့ သည်။ 

နတ်မောက်မြို့နယ်တွင် နေအိမ်ပြင်ပသွားလာရာ၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများအား စစ်ဆေးကာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ဝန်ထမ်းများ၊ ကော်မတီဝင်အဖွဲ့ဝင်ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ် ရေးမှူးများ ပူးပေါင်း၍ မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော် ယာဉ်များနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ/မရှိ၊ ရပ်တန့်စစ်ဆေးကာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူများကို အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်းစည်း ( Mask) တပ်ဆင် သွားလာရန် အသိပညာပေးခြင်း၊ နှာခေါင်းစည်း            ( Mask)  မတပ်သူများအား တစ်ဦးလျှင် နှာခေါင်းစည်းနှစ်ခု ငွေကျပ် (၂၀၀၀)နှုန်းဖြင့် ဒဏ်ရိုက်အရေးယူခြင်းများဆောင် ရွက်ခဲ့ကြောင်း သိရသည်။

လှဝင်း (နတ်မောက်)