ဂန့်ဂေါမြို့ ယာယီပျံကျဈေးတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်ပြဘုတ် ပြသ ခြင်း နှင့် COVID-19 ရောဂါကြိုတင်ကာကွယ်ရေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဂန့်ဂေါ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ယာယီပျံကျဈေးတွင် လူကုန်ကူးမှုတားဆီး ကာကွယ် ရေး အသိပညာပေး နံရံကပ်ပြဘုတ်ပြသခြင်းနှင့်  COVID-19 ရောဂါ ကြိုတင်ကာကွယ် ရေး အသိပညာ ပေးလက်ကမ်း စာစောင်များကို ယနေ့နံနက်က ဖြန့်ဝေကြသည်။

အဆိုပါ နံရံကပ်စာစောင်များပြသရာ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေ ပြဌာန်းချက်များ၊ လူကုန်ကူးမှုကျူးလွန်ပါက အရေးယူခံရမည့်ပြစ်မှုပြစ်ဒဏ်များ၊ လူကုန် ကူးမှုခံရပါက ဆက်သွယ်ရမည့်လိပ်စာနှင့်ဖုန်းနံပါတ်များ၊ အမျိုးသမီးများ လူကုန်ကူး ခံရပါက တွေ့ကြုံရ မည့်အန္တရာယ်များ၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ ရောင်းဝယ်မှု အန္တရာယ်များ၊ လူကုန်ပွဲစားများ အသုံးပြုတတ်သောနည်းလမ်းများပြသခြင်းနှင့် COVID -19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာ ပေးလက်ကမ်း စာစောင် (၁၀၀)စောင်ကို ယာယီပျံကျဈေးရှိ အများပြည်သူများနှင့်ဈေးသည်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရ သည်။

မျိုးမင်းသန်း(ပြန်/ဆက်)