သာယာဝတီ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့တွင် mobilizing Myanmar အဖွဲ့မှ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များ ငွေကြေး ထောက်ပံ့ပေးနိုင်ရန် အတွက် ငွေဗိုက် (Application) ပြုလုပ်နည်း၊ စာရင်းရေးသွင်းနည်းနှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း တို့ကို ယနေ့နံနက် (၉)နာရီ အချိန်ခန့်က အိမ်တိုင်ရာရောက် လိုက်လံကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ဩဂုတ်လ(၁)ရက်နေ့မှ စတင်၍ နောက်ပိုင်း မွေးဖွားသည့် မိခင်များကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှု များအား လျော့ပါးစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနက ငွေကျပ်(၃၀၀၀ဝိ/) ထောက်ပံ့ပေး သွားမည်ဖြစ်သည်။
အဆိုပါ စာရင်းရေးသွင်းသည့် ကာလအား ၂၀၂၀ ပြည့်နှစ် သြဂုတ်လ(၁၁) ရက်နေ့မှ စက်တင်ဘာ လ (၁၅) ရက်နေ့ အထိ သတ်မှတ်ထားပြီး ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ကျန်းမာရေးဌာနမှ ထုတ်ပေးထားသော ကျန်းမာရေး စောင့်ရှောက်မှု မှတ်တမ်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ သန်းခေါင်စာရင်းနှင့် မိမိတို့ အမြဲတမ်း အသုံးပြုလျက်ရှိသော ဖုန်းနံပါတ်၊ ကလေးမွေးဖွားပြီး မိခင်ဖြစ်ပါက မွေးစာရင်းတို့အား ယူဆောင်လာရမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
သန့်ဇော်(ပြန်/ဆက်)