ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ကျေးလက် နေပြည်သူများအား မြစိမ်းရောင်စီမံကိန်းရန်ပုံငွေထုတ်ချေးပေး

ဂန့်ဂေါ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများ မိသားစုဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ကိုင် စေရန်နှင့် လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်းရန်ပုံ ငွေထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရေရှင်ကျေးရွာ ဘုန်းကြီး ကျောင်း ဓမ္မာရုံ၌ ကျင်းပ ကြောင်း သိရသည်။

ထိုသို့မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် မြို့နယ် ကျေး လက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးက စီမံကိန်း လုပ်ငန်း များ အကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်စိုးနှင့် ဝန်ထမ်းများက ဂန့်ဂေါမြို့နယ် မြစိမ်းရောင်စီမံကိန်းဝင် ရေရှင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၉၁)ဦးအတွက် ငွေကျပ်(၂၇၃)သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၂၇)ဦး အတွက် ငွေကျပ်(၈၂)သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၁)ဦးအတွက် ငွေကျပ်(၄၂)သိန်းနှင့် အလှပြင်ဆိုင် လုပ်ငန်းလုပ်ကိုင်သူ(၁)ဦးအတွက် ငွေကျပ်(၃)သိန်း စုစုပေါင်း ငွေကျပ် သိန်း (၄၀၀)အား ထုတ်ချေးပေးခဲ့ ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)