ဘားအံခရိုင် Community Centre ခန်းမတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ဘားအံ ဇွန် ၂၉

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင် Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က အခမ်းအနားတွင်ကျောင်းသား/သူများအနေဖြင့် အခက်အခဲများကြားမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့်အတွက်  များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊  ပထမအဆင့်ဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးဖြစ်သည့်အတွက် ဒုတိယအဆင့်ဖြစ်သည့် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တွင် မိမိတို့ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်တော့မည်ဖြစ်ကြောင်း၊ ယနေ့အချိန်သည် နည်းပညာခေတ်ဖြစ်သည့်အတွက်အချိန်ကို အလဟဿမဖြစ်စေဘဲ အတတ်ပညာ တစ်ခုခုကို ဆည်းပူးလေ့လာရာတွင် ကွန်ပျူတာ၊ အင်္ဂလိပ်စာ ဘာသာရပ်ဟာ မဖြစ်မနေတတ်မြောက်ရန်လိုအပ်ပါ ကြောင်း၊ အတတ်ပညာတစ်ခုကို သင်ယူရာတွင် ရည်မှန်းချက်ထား၍ ပြည့်ပြည့်ဝဝ တတ်မြောက်အောင် လေ့လာသင်ယူရမှာဖြစ်ကြောင်း၊ သားတို့သမီးတို့ အနေဖြင့် အားလပ်ချိန်တွင် ကွန်ပျူတာ၊ အင်္ဂလိပ်စာပညာရပ်ကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူသင့်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၀ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်ဘာသာဂုဏ်ထူးရရှိသော ကျောင်းသူ(၂) ဦးအား ငွေကျပ်(၁၀၀၀၀၀/-)စီ၊ ရိုးရိုးအောင်မြင်သော ကျောင်းသား/သူ(၃)ဦးအား ‌ငွေကျပ်(၅၀၀၀၀/-)စီကို ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးစိုးလွင်၊ ကရင်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။       

ခရိုင်(ပြန်/ဆက်)