ကျိုက်မရောမြို့နယ်တွင် လှပ်မြေများအပေါ် စိုက်ပျိုးဆောင်ရွက်နေမူအပေါ် ထပ်မံစိုက်ပျိုးနိုင်ရေး ကွင်းဆင်း ကြီးကြပ်

ကျိုက်မရော ဇွန် ၂၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မိုးစပါးဧကများ လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် လှပ်မြေများအပေါ် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးအ တွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်စိုးဦးနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနများမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယမန်နေ့ နေ့လယ်ပိုင်းတွင် ကော့ပနောကျေးရွာရှိ လှပ်​မြေများပေါ်၌ မြေလွတ်မရှိစေဘဲ စိုက်ပျိုးနိုင်ရန် တောင်သူများကို စည်းရုံးကာ လိုအပ်ချက်များအပေါ် ပူးပေါင်းညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါစိုက်ပျိုးရေးကဏ္ဍ တိုးတက် မြင့်မားရေးအဖွဲ့သည် ကျိုက်မရောမြို့နယ်အတွင်း လှပ်မြေများပေါ်တွင် စိုက်ဧကတိုးတက်မြင့်မားရေးနှင့် ရာနှုန်းပြည့်စိုက်ဧက တိုးတက်ရေးတို့အတွက် ကျေးရွာများသို့ အပတ်စဉ် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)