သံဖြူဇရပ် ဇွန် ၂၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကျား/မရေးရာ (Gender)နှင့် ကျားမရေးရာအခြေပြု အကြမ်းဖက်မှု(GBV)ဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမာက အဖွင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီဌာနရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကျား/မရေးရာ (Gender)နှင့် ကျား/မ အခြေပြု အကြမ်းဖက်မှု (GBV)ဆိုင်ရာ အကြောင်းအရာတွင် (Gender)ဆိုသည်မှာ စတင်မွေးဖွားသည်မှစ ၍ ယောက်ကျား/မိန်းမဟု စတင်ပုံသွင်းခံရခြင်းဖြစ်ကြောင်း၊ ကျား/မရေးရာအကြမ်းဖက် မှု အမျိုးအစားများဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အန္တာရယ်ဆိုင်ရာ အကြမ်းဖက်ခြင်း၊ စီးပွားရေးဆိုင် ရာအကြမ်းဖက်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း စသည့်အချက်များကို ရုပ်ပုံ ကားချပ် များဖြင့်ရှင်းလင်းဆွေးနွေးပြီး အကြမ်းဖက်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်း၊ အများဆုံး ဖြစ်ပွားတတ်သည့် အကြမ်းဖက်မှုများ၊ အကြမ်းဖက်မှု၏ အကျိုးဆက်များနှင့် ကျား/မအခြေပြု အကြမ်းဖက် ဖြစ်ပွားပါက တိုင်းကြားနိုင်သည့်နည်း လမ်းများကို ပြောကြားသည်။
ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် သီတာလင်းက ကျား/မ အကြမ်းဖက်မှုဖြစ်ပေါ်လာပါ က ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပြောကြားပြီး အသိပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ် အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ ဦး ဆောင်ဆွေးနွေးသူမှလည်း ပြန်လည် ဖြေကြား ဆွေးနွေးခဲ့ကြောင်းနှင့် ကျား/မ အခြေပြု အကြမ်းဖက်မှု အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အေးအေးသီ (ပြန်/ဆက်)