ပန်းတနော် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ မိုးစပါး RS To CS မျိုးစေ့ ထုတ်စိုက်ခင်း စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီက ကျုံတုံးကြီးကျေးရွာအုပ်စု ဇီဖြူစုကျေးရွာရှိ တောင်သူ ဦးသန်းဇော်၏ လယ်ယာမြေ (၁၀.၂၅) ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးကျော်ကျော်လှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကျော်ဇံ၊ အဖွဲ့ဝင်(၂) ဦးသိန်းဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးထွန်းနှင့် ဝန်ထမ်း များ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူဦးသန်းဇော်၏ လယ်ယာမြေ (၁၀.၂၅) ဧကတွင် RS To CS မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးနေမှု အခြေအနေအား တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)