မကွေးတိုင်းဝန်ကြီးချုပ် ဖလားမြို့နယ် ပေါင်းစုံစားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် နတ်မောက်မြို့နယ်ရှိ (၂၅) နှစ်အောက် အားကစားသမားများ ဝင်ရောက်ယှဉ် ပြိုင်နိုင်မည့်အတွက် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်

နတ်မောက် ဇွန် ၂၉

မကွေးတိုင်းဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် နတ်မောက်မြို့နယ်ရှိ(၂၅)နှစ်အောက် အားကစားသမားများ ဝင်ရောက်ယှဉ် ပြိုင်နိုင်မည့်အတွက် ယမန်နေ့ ညနေ၄နာရီအချိန်က ဗိုလ်တေဇအားကစားကွင်း တွင် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စားပွဲတင် တင်းနစ်ပြိုင်ပွဲအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အား/ကာမှူးက ကြီးကြပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား များအား ပြုစုလေ့ကျင့် ပေးနေကြောင်း သိရသည်။

လှဝင်း