မှော်ဘီမြို့နယ်တွင် အခြေခံမော်တာ စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

မှော်ဘီ ဇွန် ၂၈

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အခြေခံမော်တာစက်ချုပ်သင်တန်းကို အောက်ဝါးနက်ချောင်း ကျေးရွာအုပ်စု၊ အင်းတန်ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယနေ့၊ နံနက်ပိုင်းက အခြေခံမော်တာစက်ချုပ် သင်တန်းဆင်းပွဲကို အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘသိန်းက သင်တန်းဆင်း အမှာစကားများပြောကြားခဲ့ကာ မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းကိုမှ ကျေးဇူးတင်စကားများ ပြန်လည်၍ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မေလ (၃၀) ရက်နေ့မှ ဇွန်လ (၂၈) ရက်နေ့အထိ တစ်လကြာဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ကျေးရွာနေ ပြည်သူ (၂၆) ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)