ကျွန်းစု ဇွန် ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၄) ရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အခြေခံပညာကျောင်းအုပ် ဆရာ၊ ဆရာမများ အုပ်ချုပ်မှု စွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက သင်ကြားသင်ယူမှုဆိုင်ရာ လုပ်ငန်းများအားလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရစိုးက ဘဏ္ဍာရေးဆိုင်ရာ ပို့ချချက်များအားလည်းကောင်း၊ အ.ထ.က ကျွန်းစု ကျောင်းအုပ်ဒေါ်ဌေးဌေးဝင်းက တတ်မြောက်မှု စစ်ဆေးခြင်းဆိုင်ရာများအား လည်းကောင်၊ အ.ထ.က ပထက်ကျောင်းအုပ် ဒေါ်မေမြင့်လွင့်က ကျောင်းဝင်မှတ်ပုံတင် “ခ” စာရင်း၊ ကျောင်းခေါ်ကြိမ် “က” စာရင်းနှင့် အချိန်ပိုင်း ကျောင်းခေါ်ကြိမ် မှတ်တမ်းထားရှိမှုများအားလည်းကောင်း၊ ဆွေးနွေးပို့ချသွားမည် ဖြစ်သည်။
ဆွေးနွေးပွဲတွင် ထက်၊ လယ်၊ မူ ကျောင်းအုပ် ဆရာ၊ ဆရာမ (၁၆၅) ဦး တက်ရောက်လျက်ရှိပြီး ဇွန်လ (၂၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံ သိရသည်။
စည်သူရအောင်(ကျွန်းစု)