တောင်ငူတက္ကသိုလ် ၂ဝ၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

တောင်ငူ ဇွန် ၂၇

တောင်ငူတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ကျရောက်မည့် တောင်ငူတက္ကသိုလ် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် ဓာတုဗေဒဘာသာရပ်အသင်းနှင့် ဘူမိဗေဒဘာသာရပ်အသင်းတို့၏ ယှဉ်ပြိုင်ခြင်းအား ကြည့်ရှုအားပေးခဲ့သည်။

အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်