ကျောက်တံခါး ဇွန် ၂၇
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြပါစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို အခြေခံပညာကျောင်းများ၏ သတ်မှတ်စုရပ်နေရာများတွင် ဇွန်လ ၂ ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အုန်းနှဲရိုး(မူလွန်)ကျောင်းမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူ (၁၉)ဦးကို မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆရာ၊ ဆရာမများ၊ ကျေးရွာအုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအကျိုးဆောင်များက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(မြို့/နယ်)