မင်းလှမြို့နယ်တွင် မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌နေ၍ အထွက်နှုန်းတိုးနိုင်

မင်းလှ ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးသော မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌နေ၍ အထွက်နူန်းတိုးနိုင်ပြီး အမြတ်ငွေများရရှိနိုင်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဆီထွက်သီးနှံနှမ်း စိုက်တောင်သူများအား မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် လာမည့်နှစ်တွင် ပိုမိုတို့ချဲ့စိုက်ကြရန်နှင့် လို အပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဟု ပြောကြားသည်။

“မိုးနှမ်းကို မိုးစတင်ရွာသွန်းချိန် မေလကစတင်ခဲ့ပြီး စိုက်ပျိုးခဲ့ပါတယ်၊ မိုးရေရရှိခြင်းနည်းပါက ရေသွင်းစိုက်ပျိုးခဲ့ပါတယ်၊ ယခင်နှစ်တုန်းကတော့ အထွက်နှုန်းနည်းခဲ့ပြီး အခုနှစ်ကတော့ မိုးနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလို့ အထွက်နူန်းတိုးနိုင်ပါတယ်၊ တစ်ဧကကို(၁၅)တင်းနှုန်းလောက် ထွက်မယ်လိုထင်ပါတယ်၊ တစ်ဧကကို စိုက်ပျိုးစရိတ်(၂) သိန်းလောက် ကုန်ကျပါတယ်၊ အခုမိုးနှမ်းထွက်ရှိ‌မဲ့အချိန်ဆို (၆)သောင်း ဈေးလောက်ရရှိမှာပါ၊ တစ်ဧကကို (၉)သိန်း လောက်ရရှိနိုင်မှာဖြစ်လို့ အမြတ်ငွေ(၇)သိန်းရရှိမယ်လိုမယ်လို့ မျှာ်မှန်းပါတယ်ဟု “နှမ်းစိုက် တောင်သူ ဦးဝင်းဌေးက ပြောပါမယ်။

မင်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးနှမ်းစိုက်ဧကပေါင်း(၅၀၁)ဧက စိုက်ပျိုးထားကြောင်း နွေနှမ်းကို ယခင်နှစ်ထက်ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရန် လျာထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်စ(မင်းလှ)