တန်ဖိုးမြှင့် စား​သောက်ကုန် (Bakeryအမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ၁/၂၀၂၂ ဖွင့်ပွဲ ကျင်းပ

  ​ရွှေဘို ဇွန် ၂၇

သမဝါယမနှင့်​ ကျေးလက်ဖွံ့ဖြိုး​ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း ၁/၂၀၂၂ ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့ နံနက် ၁၀ နာရီချိန်​ ရွှေဘိုမြို့နယ် သမဝါယမအသင်းစုခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။            

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးမျိုးဦးက အဖွင့်အမှာစကား​ပြောကြားရာ၊ ယ​နေ့ဟာ မင်္ဂလာရှိ​သော​ နေ့တစ်​နေ့ဖြစ်​ကြောင်း၊ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ခြင်းဖြင့်၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်လမ်းများ ရရှိလာခြင်း၊ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ်လေးများ ထူထောင်လုပ်ကိုင်လာနိုင်ခြင်းတို့​ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အ​ထောက်အကူဖြစ်​​စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်​ထောက်ညွန်ကြား​ရေးမှူး ဦးမျိုးထက်​မောင်က​ သင်တန်းသားများအ​နေဖြင့် သင်တန်းတက်​ရောက်ပြီးပါက မိသားစုတစ်ပိုင်တစ်နိုင်ဖြစ်​စေ၊ အသင်း၊အဖွဲ့အစည်း အစုအဖွဲ့ဖြစ်​စေ၊ အ​သေးစားကုန်ထုတ်လုင်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းမှတ်ပုံတင်ပြီး၊ လုပ်ငန်းရှင်တစ်ဦးဖြစ်လာသည်အထိ ဆက်လက် ကူညီပံ့ပိုး​ဆောင်ရွက်​ပေးသွားမည်ဖြစ်​ကြောင်းနှင့် ဦးစီးဌာနအ​နေဖြင့် တန်ဖိုးမြှင့်စား​သောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း၊  အခြေခံမော်တော်ဆိုင်ကယ် ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံ သံဂဟေဆက်သင်တန်း၊ အ​ခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းနှင့် ဝါးလက်မှုထည်ထုတ်လုပ်သင်တန်းများကို အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်​ကြောင်း ​ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာ/ဆရာမ(၃)ဦးတို့က ကိတ်မုန့်အမျိုးမျိုးနှင့် မုန့်အမျိုးမျိုးပြုလုပ်ခြင်းများကို စာ​တွေ့၊ လက်​တွေ့ သင်ကြားသွားမည်ဖြစ်​ကြောင်း သင်တန်းတက်​ရောက်သူ (၂၀)ဦးရှိပြီး(၂၇.၆.၂၀၂၂)မှ (၃.၇.၂၀၂၂)ရက်​​နေ့ထိ ဖြစ်​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)