ဟင်္သာတ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့် သည့်အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာဆွေကပြိုင်ပွဲများကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။ထို့နောက်ဆုများပေးအပ်ချီးမြင့်ရာအထက်တန်းနှင့်အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတို့တွင်ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရရှိကြသူများနှင့် မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ ၊တတိယ၊ အထူးဆုများရရှိသည့်ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုဇော် -ဟင်္သာတ