သာပေါင်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အမျိုးသမီးများအား Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ် ကြသည်။
အမျိုးသမီးများအား Gender, CEDAW, NSPAW ဆိုင်ရာ အသိပညာပေးဟောပြောပွဲ အဖွင့်အမှာစကားကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြား ရေးမှူး ဒေါ်နော်သာဝါးမှ တတ်ရောက် လာကြသော ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာများမှ စိတ်ပါဝင်စားသော အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ကို Gender, CEDAW ပါ အပိုဒ်(၃၀)အား ရှင်းပြ ခြင်း၊ အမျိုးသမီးများ အခွင့်အရေး (၁၆)ချက်အား ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းအသိပညာပေး ပြောကြား သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်မှ အမျိုးသမီး၊ ကလေးသူငယ်များအား အကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး ထပ်ဆင့်ရှင်းလင်း ဟောပြောခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း