နတ်မောက် ဇွန် ၂၄
မကွေးတိုင်းဒေကြီး၊ နတ်မောက်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသူက ၂၀၂၁ မှ ၂၀၂၂ အထိ နတ်မောက်မြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရသည့်အကြောင်းအရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဆောာင်ခြင်းဖြင့် အသက်အန္တရာယ်ကိုကာကွယ်ရန်၊ ယာဉ်တိုက်မှုမဖြစ်စေရန် သတိပြုရမည့်အချက်များနှင့် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ/မများ အထက်တန်းအဆင့်ကျောင်းသား/ သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
လှဝင်း (ပြန်/ဆက်)