ငရုတ်ကောင်း ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ အကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငရုတ်ကောင်းမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကြီးကြပ်ဆရာ ဦးဟန်သော်ထွန်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ကျော်မာလာလွင်တို့က သွေးလွန်တုပ်ကွေးရောဂါဆိုတာ ဘာလဲ၊ သွေးလွန်တုပ်ကွေးရောဂါ ဘာကြောင့် ဖြစ်ရသလဲ၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာတွေဟာ ဘယ်လို ပုံစံတွေလဲ၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ စသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)