သဲကုန်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက သင်တန်းအဖွင့် အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ပြောကြားပြီး၊ သဲကုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးတင်ဦးက သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဦးပြုစုခြင်း အခြေခံသင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်စစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်မှုနှင့် သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်းတုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းကြွက်သားနှင့် အရိုးဆက်ကြောဒဏ်ရာ၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်နည်းများ၊ အခြေခံအသက် ကယ်ထောက်အကူပြုနည်းများကို သဲကုန်းမြို့နယ် မြို့နယ် တပ်ဖွဲ့မှူး ဦးမြင့်ကျော်နှင့် သင်တန်းနည်းပြ ဆရာ/ဆရာမ (၈) ဦးက စာတွေ့၊ လက်တွေ့နှင့် သရုပ်ပြနည်းတို့ကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဇွန်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်