ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရွှေတောင် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂-ခုနှစ်၊ ဇွန်လအတွင်းကျေးရွာ (၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မင်းတဲကျွန်းရွာအုပ်စု၊  ​မင်းတဲကျွန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ(ကိုယ်စား) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်စိုးနှင့် အဖွဲ့ဝင် လဝကဦးစီးမှူး ဦးသန်းထူးတို့ ဦးဆောင်၍ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူး၊ မြို့နယ်မွေး/ကုဉီးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး‌တိုးတက်‌ရေးဦးစီးမှူး၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်သစ်‌တောဦးစီးဌာန၊ ရေအရင်းမြစ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါ၍ သက်ဆိုင်ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပါအဝင် စိုက်ပျိုး‌​ရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများသို့ ရှင်းလင်းဆွေးနွေးခြင်း၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ဒေသခံပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာသက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာသော ဒေသခံတောင်သူများအား  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေအသုံးချရေးတာဝန်ခံ ဒေါ်မြမြသွင်မှ EM မြေဩဇာ ပြုလုပ်နည်းအဆင့်ဆင့်ကို စုပေါင်းလက်တွေ့သရုပ်ပြမှုများ ပြုလုပ်‌ကာ ရှင်းလင်းပြောကြားပေးခဲ့ကြောင်း သိရှိရသည်။

ကိုကိုမင်း