ရွှေတောင် ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆည်ကြီးကုန်းကျေးရွာအုပ်စု၊ ညောဝိုင်းရွာသစ်ကျေးရွာကွင်းအမှတ်(၄၁၂) (ရှမ်းတန်းကွင်း)ရှိ တောင်သူဦးကျော်စွာဝင်းပိုင် ယာမြေတစ်ဧကတွင် မိုးရာသီတရိစ္ဆာန်အစာပင်(နေဗီယာမြက်) သရုပ်ပြစိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီကကျင်းပခဲ့သည်။
အခမ်းအနားသို့ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်း၊ ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ရွှေထွန်းနှင့်ဝန်ထမ်းများ၊ ဆည်ကြီးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများ စုစုပေါင်းအင်အား(၃၅)ဦးခန့်တက်ရောက်ခဲ့ကြပြီး မိုးရာသီတရိစ္ဆာန်အစာပင် (နေဗီယာမြက်)သရုပ်ပြစိုက်ပျိုးခြင်းခဲ့ကြသည်။
အဆိုပါမိုးရာသီတရိစ္ဆာန်အစာပင် (နေဗီယာမြက်) သရုပ်ပြစိုက်ပျိုးခြင်းအားဖြင့် တရိစ္ဆာန်များအား လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊ အစာရှားပါးချိန်တွင် အဟာရကြွယ်ဝသောအစာအဖြစ်ကျွေးမွေးရန်၊ ပြည်တွင်းကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တရိစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ရေးနှင့်နေဗီယာမြက်ကို နွားစာအဖြစ်ကျွေးမွေးပါက လိုအပ်သောအာဟာရဓာတ် ပမာဏများပြည့်ဝစေရန်ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)