သံဖြူဇရပ်၌ အမြင်သစ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ နှစ် ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်

သံဖြူဇရပ် ဇွန် ၂၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်၌ အမြင်သစ်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာသဘာပတိ ဦးအုန်းမြင့်မှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူနှင်းသွယ်က အမှာစကားပြောကြားသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ခုနှစ်အမြင်သစ်ငွေစု ငွေချေးလီမိတက်၏ ဘဏ္ဍရေးရှင်းတန်းများအား အကြီးတန်းစာရေး ဒေါ်ပန်းအိစိုးမှ ဖတ်ကြားရှင်းလင်း၍ လုပ်ငန်းအစီရင်ခံစာများကို ဌာနစုစာရေး ဦးဟိန်းလင်းအောင်က ဖတ်ကြားပြီး တက်ရောက်လာကြသည့် အသင်းသားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ မေးမြန်းမှုအပေါ် သဘာပတိမှပြန်လည်ရှင်း လင်းဖြေကြားသည်။

ဆက်လက်၍ အသင်း၏ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်းနှင့် ဘဏ္ဍရေးရှင်းတန်းများအား သဘာပတိမှ အတည်ပြုဖတ်ကြားကာ တက်ရောက်လာကြသည့် အသင်းသားများမှ အတည်ပြုခဲ့ကြကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)