ထန်တလန် စက်တင်ဘာ ၈
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ကြားချက်များနှင့်အညီ လိုက်နာရမည့် စည်းကမ်းချက်များကို ထန်တလန်မြို့ အမှတ်(၁၊၂၊၃) ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် နေ့စဉ်အသိပေး နှိုးဆော်ခဲ့ကြသည်။
အဆိုပါ နှိုးဆော်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင အရေးပေါ်တုန့်ပြန်ရေး ကော်မတီနှင့် စေတနာ့ဝန်ထမ်းတို့ ပူးပေါင်း၍ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရန်၊ ခရီးထွက်ခွာမည် ဆိုပါက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူဆောင်သွားရန်၊ လက်ကိုစနစ်တကျ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်၊ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသည့် မြို့နယ်များမှ နေရပ်ပြန်လာသူရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ သတင်းပို့ အကြောင်းကြားရန်စသည့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သော အချက်များကို နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)