ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီလမ်းပေါ်၌ ကမ်းပါးပြိုကျမှုကြောင့် ကားလမ်းယာယီပိတ်ဆို့မှုဖြစ်ပွား

ဆဒုံး  စက်တင်ဘာ ၈

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၃၅ နေရာတွင် စက်တင်ဘာ ၇ ရက် ည ၁၀ နာရီခန့်၌ ကမ်းပါးပြိုကျသဖြင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်း ခေတ္တပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

ထိုသို့ ကမ်းပါးပြိုကျမှုကြောင့် ကားလမ်းမပေါ်တွင် အလျား ၅၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၅ ပေခန့် အတိုင်းအတာရှိ မြေသားပိတ်ဆို့လျက်ရှိနေသဖြင့် ယင်းလမ်းပိတ်ဆို့သွားသည့်နေရာအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်း‌ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ​‌‌နေကြောင်းနှင့် လတ်တလောတွင် ခရီးသွားယာဉ်နှင့် ကုန်တင်ယာဉ်များက ကမ်းပါး ပြိုကျသည့်နေရာတွင် တန်းစီ​​စောင့်ဆိုင်း လျက်ရှိကြောင်း သိရသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)