သာပေါင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦး ကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးအမြဲမပြတ် အလေးထားဆောင်ရွက်ရန်၊ အပတ်စဉ် ကြာသပတေးနေ့တိုင်း စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး ပူးပေါင်းကြပ်မတ် ဆောင်ရွက်ရန်၊ ကျူးကျော်ရှင်းလင်ရေးလမ်းဦးစီးဌာနမှ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်ရန်၊ လယ်ယာမြေ အခြားနည်းအသုံးပြုရေး အရေးယူဆောင်ရွက်ရေး စီမံချက် ရေးဆွဲတင်ပြရန်၊ ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ မြို့နယ်/ရပ်ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ပြန်လည်ဆွေးနွေးတင်ပြမှုများအား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)