တီးတိန် စက်တင်ဘာ ၈
၂၀၁၉- ၂၀၂၀ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွား လာသည့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက တီးတိန်မြို့၊ အစိုးရမူလတန်းကြိုကျောင်း၌ ပြုလုပ်သည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တတိယသုံးလပတ် (ဧပြီ၊မေ၊ဇွန်)လ ကိုယ်ဝန်ဆောင်မိခင် ၃၄၂၅ ဦးနှင့် ၄င်းတို့မှ မွေးဖွားလာသည့် အသက်(၂)နှစ်အောက် ကလေး ၂၂၃၇ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၂၄၆၀၀၀၀၀၀/-ကိုလည်းကောင်း၊ စတုတ္ထသုံးလပတ် (ဇူလိုင်၊သြဂုတ်၊စက်တင်ဘာ)လ ကိုယ်ဝန်ဆောင် မိခင် ၃၄၀၁ ဦးနှင့် ၄င်းတို့မှ မွေးဖွားသည့် အသက် (၂)နှစ်အောက်ကလေး ၂၂၅၆ ဦးတို့အတွက် ထောင်ပံ့ငွေ ကျပ် ၂၄၈၄၃၀၀၀၀/- ကိုလည်းကောင်း ထုတ်ပေးခြင်းဖြစ်ကြောင်း တီးတိန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)