ကျီခါး စက်တင်ဘာ ၈
မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်မှ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်း အိမ်ထောင်စုများအတွက် ထောက်ပံ့သည့် ထောက်ပံ့ငွေအား ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ကျီခါးမြို့ပေါ်ရှိ မသန်စွမ်းအိမ်ထောင်စု များအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ Abilis Foundation ၏ ရန်ပုံငွေပံ့ပိုးမှု၊ Disability Development Initiative (DDI)၏ ပူးပေါင်းဆောင်ရွက်မှု၊ မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီမံမှုတို့ဖြင့် ကိုဗစ်-၁၉ ကာလ အတွင်း မသန်စွမ်းအိမ်ထောင်စုများအား ထောက်ပံ့ပေးခြင်းဖြစ်ပြီး မသန်စွမ်း (၁၅)ဦးအား တစ်ဦးလျှင် ငွေကျပ်(၅၀,၀၀၀)နှုန်းစီဖြင့် ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် ဦးဆောင်သည့် တာဝန်ရှိသူများက ကျီခါးမြို့ပေါ်ရှိ မသန်စွမ်း အိမ်ထောင်စုများ လက်ဝယ်အရောက် လိုက်လံပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)