ဆဒုံး စက်တင်ဘာ ၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၌ မသန်စွမ်းသူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်း အစီအစဉ်ဖြင့် ထောက်ပံ့ငွေများကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၁)နာရီက ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်းက မသန်စွမ်းသူများအား နိုင်ငံတော်မှထောက်ပံ့ပေးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆဒုံးမြို့နယ် အတွင်းရှိ မသန်စွမ်းပြည်သူ များအား တစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀)နှုန်းဖြင့် မသန်စွမ်းသူ (၂၃) ဦးအတွက် စုစုပေါင်း ငွေကျပ်(၆၉၀,၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရှိရသည်။
ကျော်နိုင်ဌေး (ပြန်/ဆက်)