ရွှေကျင်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရွှေကျင် ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် ဓမ္မဗျူဟာသာသနမာမကအဖွဲ့သင်တန်း‌ ကျောင်းဝင်းအတွင်း၌ သစ်တောသစ်ပင်များစိမ်းလန်းစိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့်ကာကွယ်ထိန်းသိမ်းနိုင်ရန် ရွှေကျင်မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦး‌ဖြိုးမင်းဟန်တို့မှ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့များထံ ပျိုးပင်များပေးအပ်ပြီး တက်ရောက်လာသူများက သစ်ပင်စိုက်ပျိုးကြသည်။

ရွှေကျင်မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေ၍ ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်‌စေရန်အတွက် ကျွန်းပျိုးပင်(၇၀၀)ပင်နှင့် မန်ဂျန်ရှားပျိုးပင်(၇၀၀)ပင် စုစုပေါင်းပျိုးပင်(၁၄၀၀)ကို စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊‌ ‌‌ ကျောင်းသား၊‌  ကျောင်းသူများနှင့် သစ်တောဦးစီးဌာမှဝန်ထမ်းများ စုစုပေါင်းတက်ရောက်အင်အား(၄၀၀)ဦးခန့်က မိုးရာသီသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။‌

ထွန်းထွန်းဇော် (ပြန်/ဆက်)