ချောက် ဇွန် ၂၁
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ချောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စာစီစာကုံးပြိုင်ပွဲ စည်းမျဉ်း၊စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အမှတ်ပေးဒိုင်လူကြီးများ ကြီးကြပ်မှုဖြင့် ''လူငယ်နှင့်မူးယစ်အန္တရာယ် " ခေါင်းစဉ်အား စာစီစာကုံးပြိုင်ပွဲကို နံနက်၁၀နာရီ မှ ၁၂နာရီအထိကျင်းပရာချောက်မြို့ပေါ်ရှိ အထက်တန်းကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို ဇွန်၂၄ရက်တွင် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)