ဝါးခယ်မ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှစ၍ ရုံးချိန်အတွင်း မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများကို ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ စနစ်တကျ ထုတ်ပေး လျက်ရှိရာ ဝါးခယ်မမြို့နယ်တွင် ပင်စင်စားဝန်ထမ်း(၂၇၅၇)ဦးရှိပြီး ဇွန်လ ၂၁ ရက်နေ့မှ ဇူလှိုင်လ ၂၀ ရက်နေ့ အထိ နေ့စဉ်နံနက်(၉)နာရီမှ နေ့လယ်(၂)နာရီထိ ပင်စင်လစာငွေများ ထုတ်ပေးသွားမည်ဖြစ်သည်။ ဇွန်လ ၂၁ ရက်နေ့တွင် လာရောက်ထုတ်ယူသူ (၇၃၁) ဦးခန့်ရှိပြီး ကျန်ရှိသူများအား ဘဏ်လုပ်ငန်းချိန်အတွင်း၌ ဆက်လက်ထုတ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ဟိန်းထက်လင်း(ဝါးခယ်မပြန်/ဆက်)