ပြည်မြို့တွင် အခြေခံ ရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ပြည် ဇွန် ၁၇

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့  ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်( ၁၁)နာရီက ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု(Community Centre) ခန်းမ၌  ကျင်းပခဲ့သည်။

ဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး က သင်တန်းဆင်းအမှာစကား ပြောကြားသည်။

ထို့နောက် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို လက်တွေ့၊ စာတွေ့ပို့ချပေးခဲ့သော နည်းပြဆရာများဖြစ်သည့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးအောင်မင်း၊ ဒုတပ်ဖွဲ့မှူး ဦးကြည်လွင်၊ တပ်ခွဲမှူး ဦးအောင်စိုး၊ ဒုတပ်ခွဲမှူး ဦးဟိန်းသန့်တို့အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး က ဂါရဝလက်ဆောင်များ ပေးအပ်ချီးမြင့်ပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က သင်တန်းဆင်းလက်မှတ်များနှင့် PPE ဝတ်စုံ () စုံတို့အား ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လက်ထောက်ညွှန်ကြားရေးမှူးထံ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားသင်တန်းသူ ၃၀ ဦးနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့မှ နည်းပြဆရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုး (ပြည်)