မော်လမြိုင်ကျွန်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ အ-ထ-က (ခွဲ)ကျောင်း၌ ဘဘာဝဘေးနှင့် လူငယ်ရေးရာ အသိပညာဟောပြောပွဲ၊ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားအား ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက စိတ်ကြွဆေးပြားများ အလွဲသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ရှင်းလင်းဆွေးနွေးကာ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က ယနေ့လူငယ်နှင့် အားကစား ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေး၊ လေဘေး ကျရောက်နေစဉ် လိုက်နာရမည့် အချက်များ ရှင်းလင်းဟောပြော၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။
ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား ကျောင်းသူများ အတွက် အားကစားပစ္စည်းများနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်အောင်မိသားစုမှလှူဒါန်းသော ကျောင်းသုံးဗလာစာအုပ် (၇၀၈) အုပ်အား ကျောင်းတာဝန်ခံ ဆရာမဒေါ်မေဇင်ချစ်ထံပေးအပ်လှူဒါန်းခဲ့ပြီး (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများအား အခမဲ့ဆေးဝါးကုသ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)