ကဝ စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင် ၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်သူများ နေအိမ် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကဝမြို့အတွင်းရှိ လူစည်ကားရာလမ်းမ ၊ လမ်းဆုံများ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန ၊ မြို့နယ်ရဲတပ်ဖွဲ့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတလူငယ်များ ပူးပေါင်း၍ အဖွဲ့ နှစ်ဖွဲ့ ခွဲကာ မြို့တွင်းသွားလာနေသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးပြီး နှာခေါင်းစည်းတပ်ဆင်မှု မရှိသူများအား နှာခေါင်းစည်းနှစ်ခုကို ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ချက်ခြင်းဝယ်ယူတပ်ဆင်စေပြီး မိမိတို့မြို့နယ်အတွင်း ကိုဗစ် -၁၉ ရောဂါကူးစက်မှုမရှိစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် နေအိမ်အပြင်ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်ကြရန် အသိပညာပေး ပြောကြားခဲ့ပြီး လမ်းသွားလမ်းလာပြည်သူအများစုမှာ နှာခေါင်းစည်း တပ်ဆင်သွားလာနေသည်ကိုစစ်ဆေးတွေ့ရှိရကြောင်းသိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)