ကျိုက်လတ်၌ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁)/ (၂)မှ သီးနှံလျော်ကြေးပေးအပ်ပွဲကျင်းပ

ကျိုက်လတ် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမတွင် ဇွန်လ ၁၅ ရက်နေ့ နံနက်(၁၀)နာရီခန့်က စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဘူမိရူပဗေဒဌာန၊ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁)နှင့် (၂)မှ သီးနှံလျော်ကြေး ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားပြီး  ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁)နှင့် (၂)တို့မှ တာဝန်ခံအရာရှိ ဦးထွန်းလင်းအောင်က သီးနှံလျော်ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁)နှင့် (၂)တို့မှ တာဝန်ခံအရာရှိတို့က ကျေးရွာ အုပ်စုများမှ သီးနှံစိုက်ခင်းပိုင်ရှင်များကိုယ်စား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ အားသီး နှံလျော်ကြေးငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြ သည်။ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ဘူမိရူပဗေဒဌာန၊ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့ (၁) မှ ကျေးရွာအုပ်စု (၃၄)ခုရှိ တောင်သူ  (၁၄၅၈)ဦး၏ သီးနှံစိုက်ဧက (၃၀.၈၃၇)ဧကအတွက် လျော်ကြေးငွေ (၁၃၂၉၅၈၃၈.၄၈) ကျပ်နှင့် ဆိုက်စမစ်ရေနံရှာဖွေရေး အဖွဲ့ (၂)မှ ကျေးရွာအုပ်စု (၂၄)ခုရှိ တောင်သူ  (၅၅၈)ဦး၏ သီးနှံစိုက်ဧက (၂၁.၁၆၆)ဧကအတွက် လျော်ကြေးငွေ (၉၀၉၆၀၂၀.၃၄)ကျပ်တို့အား ပေးလျော်ခဲ့ကြောင်း သတင်းရရှိသည်။

ရီရီမြင့်