ညောင်လေးပင် စက်တင်ဘာ ၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ညောင်လေးပင်မြို့နယ် ဦးစီးမှူးရုံးမှ အမိုးလန်နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးနှင့် ဆန်ရိက္ခာဖိုးများကို ယနေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ရုံးခန်းရှေ့၌ ထောက်ပံ့ပေးခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းယုန်းမှ စက်တင်ဘာ ၃ ရက်နေ့ က ဂျောင်းတာကျေးရွာအုပ်စု၊ ဂျောင်းတာကျေးရွာတွင် ဖြစ်ပွားသော လေဘေးမှ ကျေးရွာ တာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူများထံ အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ ကျပ် ၂၁၀၀၀ဝိ/၊ လူဦးရေ (၃၃)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၆၉၃၀ဝိ/၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၇၉၃၀ဝိ/ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)