ထန်းတပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား (၄၀)ရာခိုင်နှုန်း အောင်မြင်

ထန်းတပင်(ပဲခူး)   ဇွန်     ၁၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများ တွင် ယနေ့နံနက် ()အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိရာ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်း လာရောက်ကြည့်ရှုသူများ  စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထန်းတပင်မြို့နယ်ရှိ စာစစ်ဌာန()ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၁၀) ဦးရှိကာ အောင်မြင်သူ (၂၀၄) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ (၄၀)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)