ဇလွန် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၁)ခုတို့၌ ဖြေဆိုခဲ့ရာ အောင်ချက် (၅၇.၀၂) ရာခိုင်နှုန်း အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
ဇလွန်မြို့နယ်တွင် (၄)ဘာသာဂုဏ်ထူး ၁၈ ဦး၊ (၃)ဘာသာဂုဏ်ထူး ၁၁၃ ဦး၊ (၂)ဘာသာဂုဏ်ထူး ၇၂ ဦး၊ (၁)ဘာသာဂုဏ်ထူး ၁၈၀ ဦး ရရှိကြောင်းနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုများမှာ မြန်မာစာဘာသာရပ် (၄၃)ဦး၊ အင်္ဂလိပ်စာဘာသာရပ် (၁)ဦး၊ သင်္ချာဘာသာရပ် (၃)ဦး၊ ဓာတုဗေဒဘာသာရပ် (၂၁)ဦး၊ ရူပဗေဒဘာသာရပ် (၁၆)ဦး၊ ဇီဝဗေဒဘာသာရပ် (၈၈)ဦး၊ ပထဝီဘာသာရပ် (၁၇၀)ဦး၊ သမိုင်းဘာသာရပ် (၁၆၆)ဦး၊ ဘောဂဗေဒဘာသာရပ် (၂၂၇)ဦးရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝေယံ(ပြန်/ဆက်)