လက်ပံတန်း မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ  ၄၇.၉၉ ရာခိုင်နှုန်းထိ အောင်မြင်

လက်ပံတန်း ဇွန် ၁၇

 ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက လက်ပံတန်းမြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၄၇.၉၉ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် စာစစ်ဌာန(၃)ခုတွင် ကျောင်းသား/ ကျောင်းသူ (၈၄၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ (၄၀၆)ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၇.၉၉ ရာခိုင်နှုန်း၊ လေးဘာသာဂုဏ်ထူး(၆)ဦး၊ သုံးဘာသာဂုဏ်ထူး(၂၂)ဦး၊ နှစ်ဘာသာဂုဏ်ထူး (၂၆)ဦး၊ တစ်ဘာသာဂုဏ်ထူး(၁၅၉)ဦးနှင့် ရိုးရိုးအောင်(၁၉၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)