ကျိုက်ဒုံ ဇွန် ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀နာရီက ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကျိုက်ဒုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်လင်းနိုင်နှင့်ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝါဝါလင်းတို့မှ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ပြည်သူများသတိပြုလိုက်နာရန်အချက်များ၊ မော်တော်ဆိုင်ကယ်အန္တရာယ်ကင်းရှင်းရေး(၁၀)ချက်၊ မော်တော် ဆိုင်ကယ်စီးနင်းသူများ အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပြု ဆင်ခြင်ရမည့်အချက်များ၊ ဥပဒေပုဒ်မများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း စီမံချက်ထိရောက်အောင်မြင်ရေးအထောက်အကူဖြစ်စေမည့် ဦးစားပေးအစီအစဉ်များစသည့် အကြောင်းအရာများအား အကျယ်တစ်ဝင့် ဆွေးနွေးခဲ့သည်။
အဆိုပါ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေး(Talk Show)ဆွေးနွေးပွဲအား ပြည်သူများအလွယ်တကူလေ့လာသိရှိနိုင်စေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၏ We Love Kyaikdon Page တွင်လွင့်တင် ဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်