နောင်တရား ဇွန် ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၅၁ ရာခိုင်နှုန်းကျော်အောင်မြင်ကြောင်း သိရသည်။
နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း၌ ဝင်ရောက်ဖြေဆိုသူ (၃၉၈)ဦးရှိပြီး အောင်မြင်သူ (၂၀၆)ဦး၊ ၅၁.၇၆ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။ အဆိုပါအောင်မြင်သူများတွင် အတွဲ(၁)၌ တစ်ဘာသာဂုဏ်ထူးရရှိသူ (၅၀)ဦး၊ အတွဲ(၂)၌ သုံးဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ(၄)ဦး၊ အတွဲ(၇)၌ နှစ်ဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရရှိသူ (၃၀)ဦး ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)