မိုင်းယောင်း ဇွန် ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၇ နာရီက ကလေးများ စစ်တုရင်ပြိုင်ပွဲကျင်းပကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က ကျောင်းသား၊ ကျောင်းသူများ အား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံမှုများ ဖွံ့ဖြိုးတိုးတက်ပြီး စိတ်ပိုင်းဆိုင်ရာ နူးညံ့သိမ်မွေ့ကာ ဉာဏစွမ်းရည်၊ အားကစားစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
စစ်တုရင်ပြိုင်ပွဲကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူ ၁၆ တို့ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ အမှတ်(၅)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း